ကျိုက်မရော ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူလုထု၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၁၂-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ပြည်ထောင်စုသားတို့ လက်များသည်ကဗျာ၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ ဆောင်ပုဒ်များ၊ စုပေါင်းလုပ်ဆောင်မှသာ အကျိုးရှိနိုင် “ဗိုလ်ချုပ်အောင်ဆန်း ၁၁-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံမြို့စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားသော မိန့်ခွန်း ကောက်နှုတ်ချက်” များ ကာတွန်းများ၊ စသည့်အကြောင်းအရာ များကို စုံလင်စွာ ဖော်ပြထားကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)