သတင်းများ

နမ့်ဆန်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များဌားရမ်းပေး
Feb 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က နမ့်ဆန်မြို့ပေါ်ရှိ ရုံးများနှင့် နမ္မဝေါရပ်ကွက်တွင် သွားရောက်ဌားရမ်းပေးခဲ့သည်။
နောင်ချိုမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Feb 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူခြင်းနှင့် အစားထိုးရွေးချယ် ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က နောင်ချိုမြို့ ဟော်တော်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်
Feb 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြိုင်ပွဲများဖြစ် သည့် ခုံလုတန်း၊ စာအုပ်သယ်၊ ဘိုးလင်းပစ်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ပဲသီးရှည်စမ်းသပ်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ
Feb 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပဲသီးရှည် စမ်းသပ်စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေရရှိကြကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန် စာဖတ်သသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက ငရုတ်ကောင်းမြို့၊ ရေကျော် ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူး သင်တန်းတွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်
Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်းတွင် ဆုရရှိသူများအား ယမန့်နေ့ ညနေ(၄)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထု အခြေပြုဗဟိုဌာနတွင်  ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကတိုက်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
Feb 10,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၌ တည်ဆောက်နေသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲ တစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက်(Mask) အခမဲ့ဖြန့်ဝေ
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။