ပေါင်းတည်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဆင်းပွဲ ကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀နာရီက ပေါင်းတည် မြို့မ အ-ထ-က ကျောင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီအသင်းမှ ကျောင်းကြက်ခြေနီ ဆေးခန်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းသည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်များကိုသက်ဆိုင်ရာတာဝန်ရှိသူတို့ကပေးအပ်ရာ တစ်ဦးချင်း ကိုယ်စားသင်တန်းသား အဖွဲ့ခေါင်းဆောင်များက လက်ခံရယူသည်။သင်တန်းဆင်းပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မီးသတ်ဦးစီးမှူးနှင့်သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)