သတင်းများ

ကော့သောင်း၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ထိမ်းချုပ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask Campaign လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိ
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြီးကြပ်ကာ အသိပညာပေးလုပ်ငန်းနှင့် မာ့(စ်)ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကို ယမန်နေ့ နံနက်ပိုင်းက လူသူအသွားအလာ များပြားစုဝေးရာ ဈေးများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁)စာစောင်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“ ဆန္ဒကြီးရင် ကြံသမျှ ပြီးမယ်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီ(၁၂) ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပလောက်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ပလောက်မြို့၊ စည်ပင် သာယာဈေးကြီးနှင့်ထားဝယ်-မြိတ် ကားလမ်းမကြီးတို့တွင် ပြုလုပ်ခဲ့ကြသည်။
တောင်သာမြို့နယ် ရသစ်ကျေးရွာနှင့် ကျောဇီကျေးရွာ၌ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ တွေ့ဆုံပွဲဆောင်ရွက်
Feb 10,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူ များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ရသစ်ကျေးရွာနှင့် ကျောဇီကျေးရွာ များသို့ သွားရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရာဂါကာကွယ်ဆး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး
Feb 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID SHIELD) နှစ်ကြိမ် ထိုးနှံပြီး သည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ကစတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မင်းလှမြို့၊ ရုံးရပ်တောင်ရပ်ကွက်ရှိ ဦးကင်းဘုရား ဓမ္မာရုံ၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့၌ မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း အမြတ်ရရှိ
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မြင်တော်ကျေးရွာအုပ်စု တိုက်ကုန်းကျေးရွာတွင် မုံလာဥဖြူ စိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း အမြတ်ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မုံလာဥဖြူ စိုက်ပျိုးသူ တောင်သူထံမှ သိရသည်။
မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင်(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
Feb 10,2022
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေ ခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် ပြိုင်ပွဲများကို​ ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကျင်းပပေးခဲ့ ရာ ယမန်နေ့နံနက်၉နာရီက မော်လမြိုင်မြို့၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းဦးသာညှင်းခန်းမ၌ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။