သတင်းများ

မိုင်းရယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံ
Feb 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ အသက် ၅၀ နှစ်အထက် နိုင်ငံဝန်ထမ်းများနှင့်အသက် ၆၅ နှစ်အထက် ပြည်သူများကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) (Covaxin) ကိုထိုးနှံပေးခဲ့သည်။
(၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စု‌နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းမြို့နယ်အဆင့် ကျပန်းစကားပြာ ပြိုင်ပွဲကျင်းပ
Feb 10,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၉ နာရီချိန်က အခြေခံပညာအထက်တန်းမြို့နယ်အဆင့် ကျပန်းစကားပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာကျော်ခန်းမတွင် ကျင်းပကြပါသည်။
ကျိုင်းတောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Feb 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့အတွင်းရှိ စက်သုံးဆီရောင်းဝယ်ရေး ဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၈၁၆)ဦးရှိ
Feb 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၆၁၀)ဦးနှင့် အပြင်ဖြေဆိုသူ (၂၀၆)ဦး စုစုပေါင်း (၈၁၆)ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက်ပြခန်းများ ခင်းကျင်း ပြသ
Feb 10,2022
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်း များ ဆောင်ရွက်ထားရှိမှု၊ ဝန်ကြီးဌာန အသီးသီးမှ မိမိတို့ဌာနအလိုက် လုပ်ငန်းများအလိုက် ပြခန်းများ ဆောင်ရွက်ထားရှိမှုအပေါ် ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ ခရိုင်အားကစား ကွင်းတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြခန်းများခင်းကျင်းပြသလျက်ရှိကြောင်း သိရ သည်။
ဇလွန်မြို့နယ်တွင် နွားစာနုအိတ်နှင့် ဝက်စာနုအိတ်များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရရှိသော နွားစာနုအိတ်နှင့် ဝက်စာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။
ကျောက်ပန်းတောင်းမြို့တွင် ရဲဗလတံဆိပ်ရရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ မိသားစု ဝင်များအား တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေများပေးအပ်
Feb 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး၊ ရဲဗလတံဆိပ်ရရှိခဲ့ကြသည့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျန်ရစ်သူ မိသားစုဝင်များအား တစ်လုံးတစ်ခဲ့တည်း ချီးမြှင့်ငွေများကို၊ ယမန်နေ့နံနက်(၁၀:၃၀)နာရီက မြို့နယ်အထေွထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်သူများထံ ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကို သာယာဝတီခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။