ဘိုကလေးမြို့နယ်တွင် Mask Campaign ပြုလုပ်၍ Mask အခုရေ (၅၀၀၀) အခမဲ့ဖြန့်ဝေ
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိသူများ နေ့စဉ်နှင့်အမျှ တွေ့ရှိလာသဖြင့် မြို့နယ်အတွင်း ထပ်မံ၍ ရောဂါပိုးပြန့်ပွားမှုမရှိစေရေးနှင့် အချိန်မီကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့နံနက်(၈) နာရီတွင် ဘိုကလေး-စက်ဆန်း လမ်းဆုံ၌ ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်စေရေး အသိပညာပေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း(Mask) အခုရေ (၅၀၀၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။