လှိုင်းဘွဲမြို့နယ်တွင် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတုမင်္ဂလာ ပရိယတ္တိစာပြန်ပွဲနှင့် ဓမ္မစကြာရွတ်ဆိုပွဲ စည်ကားသိုက် မြိုက်စွာကျင်းပမည်

လှိုင်းဘွဲ      ဖေဖော်ဝါရီ    ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတုမင်္ဂလာပရိယတ္တိစာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဆိုပွဲအခမ်းအနားကို ဖေဖော် ဝါရီလ(၁၃)ရက်နေ့မှစ၍  စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စိန်ရတုမင်္ဂလာပရိယတ္တိစာပြန်ပွဲတော်တွင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှစ၍ (၁၈)ရက်နေ့အထိ ပရိယတ္တိစာပြန်ပွဲ၊ ဓမ္မစကြာရွတ်ဖတ်ပူ ဇော်ပွဲ၊ အထူးတရားပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများ၊ ကရင်အဆိုကျော်များ၏ ဧည့်ခံဖျော်ဖြေပွဲများ၊ ကံစမ်းမဲအစီအစဉ်များနှင့် လက်ဝှေ့ပွဲ များပါဝင်သော ပျော်ရွှင်စရာပွဲများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)