ပလောက်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ပလောက်   ဖေဖော်ဝါရီ   ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ပလောက်မြို့၊ စည်ပင် သာယာဈေးကြီးနှင့်ထားဝယ်-မြိတ် ကားလမ်းမကြီးတို့တွင်   ပြုလုပ်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပလောက်မြို့၊စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူး ဦးသွင်စည်သူ ကျော်ထွေးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက မြန်မာနိုင်ငံတွင် အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်သူများရှိနေပြီးဖြစ်၍  ပြည်သူများ အနေဖြင့်  နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်  သွားလာ ကြရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်ဆေးကြောပေး ရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ အပြင်ထွက်ရာကပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်း စည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ် ပြည့် မပျက်မကွက်ခံယူကြရန် အသိပညာပေး  ပြောကြား ခြင်း များဆောင်ရွက်ခဲ့ပြီး  နှာခေါင်းစည်းMask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်