မင်းလှမြို့နယ်၌ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရာဂါကာကွယ်ဆး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး

အထက်မင်းလှ   ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID SHIELD) နှစ်ကြိမ် ထိုးနှံပြီး သည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ကစတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက်ရှိ ဦးကင်းဘုရား ဓမ္မာရုံ၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID SHIELD) နှစ်ကြိမ် ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်‌ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose လာရောက် ထိုးနှံသူ ၉၀ ဦး ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)