နတ်တလင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

နတ်တလင်း     ဖေဖော်ဝါရီ    ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီ(၁၂) ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်က ပြိုင်ပွဲပြုလုပ်ရခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသရခြင်း၊ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပက်သက်၍ ရှင်းလင်း ပြောကြားပြီး Book Club ဥက္ကဌဆရာဦးသန်းအောင်မှ ပြည်ထောင်စုနေ့နှင့်ပက်သက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။

စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများက “ပြည်ထောင်စုအမွေထိန်းစို့‌လေ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် ဆရာ/ ဆရာမများမှဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

‌ဆက်လက်၍ ဓာတ်ပုံပြပွဲတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ပြသထားခြင်း၊  နံရံကပ်စာစောင် ပြသရာတွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ နံရံကပ် စာစောင်ကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများစိတ်ဝင်တစား ကြည့်ရှု‌လေ့လာခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)