(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showကျင်းပ

ကျိုက်လတ် ဖေဖော်ဝါရီ  ၁၀

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်လတ်မြို့နယ် ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ကျင်းပ ဆောင်ရွက် ခဲ့သည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး၊ Book Club အဖွဲ့ဝင် (အငြိမ်းစား)အလယ်တန်းပြဆရာမဒေါ်သန်းသန်း‌အေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ထားရှိ မွေးမြူသင့်ပုံ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၏ အ‌ရေးပါပုံ၊ ပင်လုံစာချုပ် ချုပ်ဆိုမှုကြောင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံစသည့်ဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ဌေးဌေးလှိုင်