ပေါင်းတည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး

ပေါင်းတည် ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန်နှင့် အခမ်းအနား အောင်စွာ ဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာအလိုက် ကော်မတီအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်မည်ဖြစ်ပြီး၊ စာစီစာကုံးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် အခြားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုချီးမြှင့် ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာနအလိုက် မိမိတို့ဌာန လုပ်ငန်းလိုအပ်ချက် တင်ပြမှုအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနိုင်းပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)