နမ့်ခမ်း ဖေဖော်ဝါရီ ၁၀
ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလေ့လာမှု တိုးတက်လာစေရန်နှင့် စာအုပ်စာပေများအပေါ် စိတ်ပါဝင်စားမှု ရှိလာစေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြို့နယ်ဦးစီးမှူးမှ စာအုပ်စာစောင်ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများက ထင်ရှားကျော်ကြားသော စာရေးဆရာများ၏ စာအုပ်များ၊ ပြည်ထောင်စုနေ့ သိကောင်းစရာ စာအုပ်များ၊ မြန်မာ့နေ့ထူးနေ့ မြတ်ဆိုင်ရာ စာအုပ်များ၊ စာပေဗိမာန်ဆုရ စာအုပ်များနှင့် ဗဟုသုတရရှိဖွယ်ရာ စာပေများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်းနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်ရေး အတွက် အသိပညာပေး နံရံကပ်စာစောင်ကိုလည်း ကြည့်ရှုလေ့လာခဲ့ကြသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲသို့ လာရောက်သည့် ပြည်သူများသည် ပြတိုက်ငယ်(Mini Museum)တွင် ပြသထားသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဝတ်စုံများကို စိတ်ဝင်စားစွာကြည့်ရှု မေးမြန်းခဲ့သည်များ ကိုလည်း မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ပြန်လည်ဆွေးနွေး ရှင်းပြပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)