ဘားအံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် ဘားအံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန်၊ အထွေထွေဗဟုသုတနှင့် ပြည့်စုံစေရန်၊ မြန်မာ့ရိုးရာ စကားပုံများကို သိရှိနားလည်နိုင်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ပသည့် စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ခက်ခက်လွင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာ အလယ်တန်းအဆင့် စကားပုံဆက် ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာ ကျောင်း(၁၁)ကျောင်းမှ ကျောင်းသား/သူပေါင်း (၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)