ရမ်းဗြဲ ဖေဖေါ်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၉ နာရီချိန်က အခြေခံပညာအထက်တန်းမြို့နယ်အဆင့် ကျပန်းစကားပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာကျော်ခန်းမတွင် ကျင်းပကြပါသည်။
ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြိုင်ပွဲကို “ပြည်ထောင်စုနေ့ မိခင်မှ သန္ဓေတည် လွတ်လပ်ရေးနေ့အမွေကိုမွေးဖွားသည်” ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်စေပြီး ရှေ့ဦးစွာ အကဲဖြတ်ဒိုင်လူကြီးများက ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်း စည်းကမ်းများကို ပြောကြားပေးပါသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြိုင်ပွဲ အခြေခံပညာအထက်တန်း မြို့နယ်အဆင့်ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၅) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုများအသီးသီးရရှိကြသူများကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွား ဖြစ်ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)