ကျောက်ပန်းတောင်းမြို့တွင် ရဲဗလတံဆိပ်ရရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ မိသားစု ဝင်များအား တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေများပေးအပ်

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး၊  ရဲဗလတံဆိပ်ရရှိခဲ့ကြသည့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျန်ရစ်သူ မိသားစုဝင်များအား တစ်လုံးတစ်ခဲ့တည်း ချီးမြှင့်ငွေများကို၊ ယမန်နေ့နံနက်(၁၀:၃၀)နာရီက မြို့နယ်အထေွထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်သူများထံ  ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး၊ ရဲဗလတံဆိပ် ချီးမြှင့် အပ်နှင်းခြင်းခံရသည့်၊ ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး၊ တလင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကမ္ဘားတဲကျေးရွအုပ်စုအုပ်ချုပ်ရေးမှူး(ကွယ်လွန်)နှင့် ဆူးဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (ကွယ်လွန်) စုစုပေါင်း(၄)ဦတို့အား၊  ၂၀၂၂ခုနှစ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပေးအပ်ချီးမြှင့်သည့် ရဲဗလတံဆိပ်အတွက် တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေတစ်ဦးလျှင် ငွေကျပ်(၃)သိန်း ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ရာ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များ တစ်ဦးချင်းထံ လက်ရောက်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)