မကွေး ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်း များ ဆောင်ရွက်ထားရှိမှု၊ ဝန်ကြီးဌာန အသီးသီးမှ မိမိတို့ဌာနအလိုက် လုပ်ငန်းများအလိုက် ပြခန်းများ ဆောင်ရွက်ထားရှိမှုအပေါ် ပြည်သူများ စိတ်ဝင်စားပြီး ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ ခရိုင်အားကစား ကွင်းတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြခန်းများခင်းကျင်းပြသလျက်ရှိကြောင်း သိရ သည်။
ရှေးဦးစွာ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီး ဌာနပြခန်းများဖွင့်ပွဲ မုဒ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဧည်သည်တော်များက ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြခန်းပေါင်း (၇၀) ကျော် ခင်းကျင်းပြသလျက်ရှိပြီး ပြခန်းများကို ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၁) ရက်နေ့ အထိ (၃) ရက်တိုင်တိုင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုအောင်