မိုင်းရယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံ

မိုင်းရယ် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ အသက် ၅၀ နှစ်အထက် နိုင်ငံဝန်ထမ်းများနှင့်အသက် ၆၅ နှစ်အထက် ပြည်သူများကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) (Covaxin) ကိုထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံရန် အကျုံးဝင်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်ထိုက်