(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သာယာဝတီ ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကို သာယာဝတီခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် အလယ်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ(၂၀)ဦးက "ပြည်ထောင်စုစိတ်ဓာတ်"ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ပထမဆုကို အ.လ.က(သာယာဝတီ)မှ မအိသဥ္ဇာသန့်၊ ဒုတိယဆုကို အ.ထ.က (သဲဖြူ)မှ မနွေးရတီဝင်း၊ တတိယဆုကို အ.ထ.က(ခွဲ) (ငဖြူကလေး )မှ မဆုရတနာဇော်နှင့် အခြာအထူးဆု(၅)ဆုတို့ အသီးသီးဆုများရရှိကြသည်။

ဆုရရှိကြသူများအား (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

သန့်ဇော် (သာယာဝတီ)