ဇလွန် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရရှိသော နွားစာနုအိတ်နှင့် ဝက်စာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လေးမွန်ကြည်က တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရရှိသော နွားစာနုအိတ်နှင့် ဝက်စာနုအိတ်များ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ပျဉ်းမကုန်းအရှေ့၊ ပျဉ်းမကုန်းအနောက်၊ လိန်ကုန်း၊ ကတော့ကရက်၊ ဇော်ဂျီကွင်း၊ မေရီလန်း၊ နန်းတော်ကျွန်းကျေးရွာအုပ်စုတို့ရှိ နွားနှင့်ဝက် မွေးမြူသူများထံသို့ နွားစာနုအိတ်( ၄၅)အိတ်နှင့် ဝက်စာနုအိတ် (၁၃)အိတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)