ဆီဆိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၈၁၆)ဦးရှိ

ဆီဆိုင် ဖေဖော်ဝါရီ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ (၆၁၀)ဦးနှင့် အပြင်ဖြေဆိုသူ (၂၀၆)ဦး စုစုပေါင်း (၈၁၆)ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း (အ.ထ.က)ကျောင်း (၁၂)ကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်း (၅)ကျောင်းတို့မှ ဘာသာတွဲ(၁) ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၅၂၂)ဦး၊ ဘာသာတွဲ(၂)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၂၄)ဦး၊ ဘာသာတွဲ(၇)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၂၆၉)ဦး၊ ဘာသာတွဲ(၈)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၁)ဦး၊ စုစုပေါင်း(၈၁၆)ဦးရှိကြောင်းနှင့် ယခင်နှစ်က စာစစ်ဌာန (၄)ခုထားရှိ၍ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)