အုတ်တွင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဒေသစိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်တိုးတက် ကောင်းမွန်လာစေရေး၊ ရေမြေထိန်းသိမ်းရေး၊ လေထုသန့်စင်ရေးတို့အတွက်ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဝါးတစ်အုပ်တစ်မ သုံးဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြန်မာ့သစ်လုပ်ငန်းအမှတ်(၈၈) သစ်စက်ဝင်း အတွင်း၌ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးလွင်သူနှင့် ဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းအမှတ်(၈၈)သစ်စက်မှ စက်ရုံမှူးမန်နေဂျာ ဦးကြီးမြင့်နှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၃၀)ဦးတို့က စုပေါင်း၍ ဝါးတစ်အုပ်တစ်မ စိုက်ခင်း(၃)ဧကအား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)