မိုးကောင်း ဇူလိုင် ၂၅
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးရက်တိုသင်တန်းကို မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်(၂၄)ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ယာယီရဲမှူးမြင့်ထွန်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီနှိမ်နင်း ရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ ရဲအုပ်စိုးသူရက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ် ချက်ကို ရှင်းလင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေသည်။
အဆိုပါသင်တန်းတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်စိုးသူရက လူကုန်ကူးမှု/လူမှောင်ခိုမှု သိကောင်းစရာများ၊ လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေးဥပဒေ/နည်းဥပဒေများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ဖြစ်စဉ်များ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့်မှတ်တမ်းပုံစံ ဖြည့်သွင်းခြင်းသင်ခန်းစာများ ပို့ချသင်ကြားပြီး မြို့ပေါ်(၁၀)ရပ်ကွက်မှ သင်တန်းသား၊ သင်တန်းသူ (၅၇)ဦး တက်ရောက်ကာ သင်တန်းကိုယနေ့ တစ်ရက်တည်းသာ ညနေ(၄)နာရီထိ ပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)