နတ်တလင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ပြည်သူများအား ဖြန့်ဝေနေသော စားသုံးဆီလက်လီ/လက်ကားဆိုင်များသို့ စျေးနှုန်းမြှင့်တင်စွာ ရောင်းချခြင်းမရှိစေရေး စာအုပ်စနစ်ဖြင့် ပြည်သူများ လက်ဝယ်အရောက်အပြည့်အဝရရှိစေရန် ဌာနမှလမ်းညွှန်ထားသော မှန် (၆)မှန်နှင့်အညီ ရောင်းချပေးစေရေး ဗီနိုင်းများဖြင့်ချိတ်ဆွဲ ရောင်းချရန် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ ခရိုင်အတွင်းရှိ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများ၊ ဘူးသွပ်ဆီများအား အမှန်တကယ်ရောင်းချနေမှုအခြေအနေ၊ ဝယ်ယူမှုအခြေအနေများ၊ စီးဆင်းမှုလမ်းကြောင်း၊ ရောင်းချနေသောဆီအမျိုးအစားနှင့် စျေးနှုန်းအခြေအနေများ ပြန်ရောင်းစျေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများနှင့် တရားမဝင်ဘူးသွပ်ဆီများ ရောင်းချမှုမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)