ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲသည့် ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် စတင်ပြောင်းလဲပြေးဆွဲပေးလျက်ရှိ
Feb 12,2022
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ နေ့စဉ် YBS ခရီးသည်တင် ယာဉ်များစီးနှင်းပြီး မြို့တွင်းခရီးသွားလာနေကြသည့် ခြောက်သိန်းနီးပါးခန့်ရှိသော ခရီးသွားပြည်သူ များအနေဖြင့် မြို့တွင်းခရီးစဉ်များ သွားလာကြရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန် မြို့တွင်း ခရီးစဉ် ပြေးဆွဲပေးလျက်ရှိသော YBS ခရီးသည်တင် ယာဉ်လိုင်းများအနက် ယာဉ်လိုင်း နံပါတ်တူပြီး ပြေးဆွဲသည့် ဂိတ်ရင်း၊ ဂိတ်ဖျားမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများအား ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ “ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ” နံနက်ပိုင်းအချိန်မှ စတင်၍ ယာဉ်လိုင်းနံပါတ် အသစ်များဖြင့် ရန်ကုန်မြို့တွင်း စတင်ပြောင်းလဲ ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။