မုဒုံမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်​ထောင်စု​နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့်ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ပန်းချီ၊ကျပန်းစကား​ပြောပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ​

မုဒုံ  ​ဖေ​ဖော်ဝါရီ   ၁

 

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စု​နေ့အခမ်းအနားသဝဏ် လွှာဖတ် ကြားခြင်းနှင့် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကား​ပြောပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ ခွဲက မွန်ပြည်နယ် မုဒုံမြို့​နယ် မြို့မ()ရပ်ကွက်ရှိ လွပ်လတ်ရေးကျောက်တိုင်၌ ကျင်းပသည်။

 

အခမ်းအနားတွင်  ပြည်​ထောင်စု သမ္မတ မြန်မာနိုင်ငံ​တော်အလံအား မုဒုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  ပြည်သူများတို့က  အလေးပြုကြပြီး နောက်  ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန် ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးတင့်ဇော်က ဖတ်ကြားသည်။

ဆက်လက်၍  (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ပြည်နယ်အ ဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကား​ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့​ကြသော ကျောင်းသား၊ ​ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေး​ခဲ့ကြပြီး ဘင်ခရာအဖွဲ့တို့ကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ကာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု​နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များတို့က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)