ပုသိမ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ် ဝိုင်းကျင်းပ

ပုသိမ်  ဖေဖော်ဝါရီ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက လူထုစိန်ဝင်းရေးသားသော မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဝင်းရှိန်က အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန် လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

စာဖတ်ဝိုင်းကို ပုသိမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိပြီး စာပေဝါသနာ ပါသူများမှလည်း တက်ရောက်လေ့လာ ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)