ထန်းတပင်(ရန်ကုန်)၊ ဖေဖော်ဝါရီ ၁၃
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်(၅)နာရီအချိန်မှ စတင်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြု လုပ်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး အခမ်းအနားသို့ တက် ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက နိုင်ငံတော်အလံ အလေးပြုကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းကဖတ်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများကိုလည်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေထားရှိသည့် သတင်းစကားလက်ကမ်းစာစောင်များကို ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)