ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၀) ဦးအား ပြန်လွှတ်ပေးသည့် အခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ  ဖေဖော်ဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၀) ဦးအား ပြန်လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ အကျဉ်းဦးစီးဌာန ကိုးပင်-သာစည် (စိုက်/မွေး) စခန်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှုးမျိုးဇော်ဟိန်းတို့မှ အမှာစကား အသီးသီးပြောကြားခဲ့ပြီး အကျဉ်းဦးစီးဌာန ကိုးပင်- သာစည်(စိုက်/မွေး) စခန်းတာဝန်ခံဦးစီးအရာရှိ ဦးနန်းမောင်မောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု ရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများမှ လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိသည့် အကျဉ်းသား (၁၀) ဦး အားကျခံခဲ့သည့်ရက်များအတွက် လုပ်အားခအနေဖြင့် တစ်ရက် (၂၅ဝ/-) ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)