သတင်းများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက် ၁၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုက်ခရိုမာရသွန်ပြိုင်ပွဲကျင်းပ 
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မိုက်ခရို မာရသွန်ပြိုင်ပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင် တက်ရောက်၍ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။ 
ဒေါ့ဖုန်းယန်မြို့ Community Centre ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်၊ နံရံကပ်/ဓါတ်ပုံပြပွဲကျင်းပ
Feb 13,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီအချိန်က စာအုပ်စာစောင်၊ နံရံကပ်/ဓါတ်ပုံပြပွဲ ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Feb 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက်(၅) နာရီခွဲအချိန်က ကလောမြို့ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ အလေးပြုခဲ့ကြောင်းသိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား မော်လမြိုင်တွင်ကျင်းပ
Feb 13,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ မောရဝတီပန်းခြံတွင် နံနက် ၅ နာရီ ၁၅ မိနစ်က စတင်ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မတ္တရာမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကျင်းပ
Feb 13,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၇၅နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မတ္တရာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေစကားဝိုင်းကျင်းပ 
Feb 13,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေစကားဝိုင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့သည်။
၂၀၂၂ခုနှစ်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး ဝန်းအတွင်းရှိ လွတ်လပ်‌ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့‌သည်။
ကျောင်းကုန်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု‌နေ့ အခမ်းအနားကျင်းပ
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မီတာ(၄၀၀)အား ကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး၊ နံနက် ၇ နာရီ ၄၀ မိနစ် အချိန်တွင် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။