လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး

လှိုင်  ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အနောက်ပိုင်းခရိုင် ၊လှိုင်မြို့နယ်၌ ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ရပ်ကွက်၊ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ် -၁၉ကုသရေးစင်တာတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ရပ်ကွက(၁၆)ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ်ရုရှားနိုင်ငံထုတ် (Sputnik Light) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူ(၅၀၀)ဦးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinovac)ထိုးနှံသူစုစုပေါင်း(၁၃၁)ဦးအားထိုးနှံပေးခဲ့ကြောင်းသိရသည်။

လှိုင်မြို့နယ်ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သော အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်းသီတာမိုး (ပြန်/ဆက်)