(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီလ (၁)ရက်နေ့ မွန်းလွဲ (၂)နာရီက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာ များကို သိရှိစေရန်၊ လူငယ်များ အစဉ်ထာဝရ မမေ့အပ်သော နေ့တစ်နေ့ဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင် ပြသခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။