မော်လမြိုင် ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကလေးငယ်များကာယ၊ ဉာဏစွမ်းရည် ထက်မြက်စေရန်အတွက် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကလေးစာဖတ်ခန်း တွင်ပုံပြင်ပြောပြခြင်းနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးသည်။
ပြိုင်ပွဲစတင်ခဲ့ရာတွင် ပန်းချီဆေးရောင် ခြယ်ပြိုင်ပွဲ၌ ကလေးငယ်(၁၀)ဦးကဝင်ရောက် ယှဉ် ပြိုင်ခဲ့ကြပြီးဆုရရှိသူများကို တာဝန်ရှိသူက ဆုများချီးမြှင့်ပေးသည်။ ထိုသို့ပုံပြင်ပြောပြခြင်းနှင့် ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းသည် ကလေးငယ်များ၏ စိတ်ပိုင်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ထက်မြက်စေပြီးငယ်စဉ် ကပင်စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူပေးခြင်းဖြစ် ကာစဉ်းစားတွေးခေါ်မှုအား ကောင်းလာစေရန်နှင့်အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)