တောင်ကြီး၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အလံတင်ခြင်းနှင့် သဝဏ်လွှာ ဖတ်ပွဲကျင်းပ
Feb 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ယမန်နေ့ နံနက်(၅) နာရီက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင် အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ သစ္စာ(၄)ချက်ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။