သီပေါ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်မိတ်ကျေးရွာအုပ်စု ကောင်းလန်း ကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ ပြည်နယ်ကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ရေးပစ္စည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်း၍ အဆိုပါ မီးဘေးသင့် အိမ်ထောင်စုတစ်စုအား ထောက်ပံ့ရေးပစ္စည်းများ၊ ယင်းနေ့ တွင် ချက်ချင်းသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းများ၊ စားနပ်ရိက္ခာ များကိုမြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း ခွဲမှတာဝန်ရှိသူများက ပူးပေါင်း၍ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းရခြင်းမှာ ဆိုလာဘက်ထရီ အားသွင်းထားရာမှ အပူလွန်ကဲ၍ လောင်ကျွမ်းခြင်းဖြစ်ပြီး အဆိုပါမီးဘေးသင့် အိမ်ထောင်စုမှ မိသားစုဝင်(၅)ဦးသည် ၎င်း၏ ဆွေမျိုးနေအိမ်တွင် ယာယီ နေထိုင်လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ ပြန်/ဆက်)