စစ်ကိုင်း ဖေဖော်ဝါရီ ၁၃
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ပရိယတ္တိသာသနာလင်္ကာရအသင်း စာ မေးပွဲအတွက် ဖြေဆိုကြမည့် စစ်ကိုင်းတောင်ရိုးရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါရှိ/ မရှိ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ဖေဖော်ဝါရီ(၁၂)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံကျောင်းတိုက်အတွင်း သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများကစုရပ် သက်မှတ်၍ စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
နိုင်ငံတော်၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစီမံချက်များနှင့်အညီ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ခရီးသွားလာကြမည့် ရဟန်း/သံဃာများနှင့် ပြည်သူများကိုလည်း ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြောင်း သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
နေပြည်တော်သို့ စာမေးပွဲဖြေဆိုရန် ကြွရောက်တော်မူကြမည့် သံဃာတော်များ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးရာသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု ကြည်ညိုခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းစီမံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်