ပေါက်တော ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ ဘောလုံးအား ကစားပြိုင်ပွဲ ဗိုလ်လုပွဲကို ပေါက်တောရွှေမြေအားကစားကွင်းတွင် ယမန်နေ့ ညနေ (၄)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါယှဉ်ပြိုင်ခြင်းကို ဌာနပေါင်းစုံ အသင်း (၈)သင်းဖြင့် ဖေဖော်ဝါရီလ (၂) ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ အသင်း (၈)သင်းအနက် လက်ရွေးစင် ပညာရေးအသင်းနှင့် လက်ရွေးစင် ဌာနညွန့်ပေါင်း (၂)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ဌာနညွန့်ပေါင်း (၂)အသင်းက (၅)ဂိုး၊ ပညာရေးအသင်းက (၂)ဖြင့် ဌာနညွန့်ပေါင်းအသင်းမှ (ပထမ)ဗိုလ်စွဲသွားကြောင်း သိရှိရသည်။
ထိုနောက် ပထမဆု တံခွန်စိုက်ရွှေဖလားဆုရရှိသော ဌာနညွန့်ပေါင်း(၂) အသင်းအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ တံခွန်စိုက်ရွှေဖလားဆုကို ချီးမြှင့်ပေးပြီး၊ ဒုတိဆုရရှိသော ပညာရေးအသင်းနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုများနှင့် ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရအသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် မြို့မိ၊ မြို့ဖ ဂုဏ်သရေရှိလူကြီများက အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်သန်း