ညောင်ဦး ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၄၀ မိနစ် အချိန်က ညောင်ဦးမြို့နယ်၊ အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ညောင်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက်သီ ချင်းတစ်ပုဒ်ဖြင့် သရုပ်ဖော်ကပြကြသည်။
ပြီးနောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲ၊ဆောင်း ပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောက်ပန်းတောင်းမြို့မှ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားများ၊ ညောင်ဦးမြို့ အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသူများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD