ကော့သောင်း ဖေဖေါ်ဝါရီ ၁၃
ကော့သောင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃဝန်ဆောင် အစည်းဝေးတစ်ရပ်ကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ ကြွရောက်လာသည့် ဆရာတော် သံဃာတော်ကြီးများ ဧည့်ပရိသတ်များက နမောတသ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး အစည်းအဝေး သဘာပတိဆရာတော် တနင်္သာရီတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနယရဒမှ သြဝါဒကထာမြွက်ကြားပြီး မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ကော့သောင်းမြို့နယ် သံဃနယကအဖွဲ့မှ အဖွဲ့ဝင်ဆရာတော် ၂၉ ရာခိုင်နှုန်းအနားယူ၍ လစ်လပ်လျက်ရှိသည့် မြို့နယ်သံဃနယက အဖွဲ့ဝင်ဆရာတော်သုံးပါး နှင့် တိုင်းဒေသကြီး သံဃဝန်ဆောင်ဆရာတော်တစ်ပါးအား ကြွရောက်လာသည့် သံဃာတော်များက ဆန္ဒပြုအစားထိုး ရွေးချယ်ပြန်လည်တင်မြောက်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)