သတင်းများ

ညောင်ရွေမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ
Feb 13,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အင်းလေးနှင်းဆီ ဖူဆယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိမ်တွင်း ပန်းအလှပြင် သင်တန်းဖွင့်လှစ်
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ အိမ်တွင်းပန်းအလှပြင်သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
ရေစကြိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေး နွေးပွဲ (Talk Show) ပြုလုပ်
Feb 13,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ဥက္ကံမြို့၊ နယ်လုံးဆိုင်ရာ ဇီဝိတဒါန အောက်စီဂျင်စက်ရုံ ဖွင့်ပွဲခမ်းအနားကျင်းပ
Feb 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ နယ်လုံးဆိုင်ရာ ဇီဝိတဒါန အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဥက္ကံမြို့ ဘုရင့်နောင်ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက်အနီး၌ စည်ကားသိုက်​မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Feb 13,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း(ဗန်းမော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သာမိုးတောင်အောက်ကျေးရွာ၌ လျှပ်စစ် မီးလင်းရေးဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 13,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ၊ သာမိုးတောင်အောက်ကျေးရွာ၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းခြောက်သောင်း ခြောက်ထောင်ကျော် ထိုးပေးပြီးဖြစ်
Feb 13,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယမန့်နေ့ နံနက်ပိုင်းအချိန်ထိ ၃၆၆၀၇၂ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။
ပခုက္ကူမြို့၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကလေးများ၏ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Feb 13,2022
၂၀၂၂ခုနှစ်၊ မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ကျင်းပပြုလုပ်ခဲ့သည့် ကလေးများ၏ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ရက် နံနက်၉နာရီအချိန်က ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။