Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်းတွင် ကျောင်းဆောင် အဆောက်အအုံသစ် ဆောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများ အဖွဲ့ ကွင်းဆင်းစစ်ဆေး
Feb 13,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက် ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ အာရ်စီနှစ်ထပ် စာသင်ကျောင်းဆောင် အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် မြေပြင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်
Feb 13,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က ဟိုပန်မြို့၊ မြို့နယ်အားကစားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲပြုလုပ်
Feb 13,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူ များအား ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်ပေးပြီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့၌ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကျင်းပ
Feb 13,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ဘောလုံး အဖွဲ့ချုပ်နှင့် လင်းကမ္ဘာဖူဆယ်မိသားစုတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်အားကစားနှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများ ဖွင့်ပွဲခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဘူးကျွန်း(အရှေ့) ကျေးရွာရှိ လင်းကမ္ဘာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Feb 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က တမူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 13,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ စကားဝါလမ်း၊ မြို့မကြက်တောင် အားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Feb 13,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ရမည်းသင်းရုံးခွဲတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20949
Page
20950
Page
20951
Page
20952
Current page
20953
Page
20954
Page
20955
Page
20956
Page
20957
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department