ကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း
Feb 14,2022
၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ အကွက်(၈၅၈)၊ စစ်ကိုင်းလမ်းခွဲ၊ ၇၈လမ်းနှင့် ရန်/မန်းလမ်းကြား၊ နားမကြားသော ကလေးများကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်မွေးနေ့) အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီး ဒေါ်သီတာဆွေနှင့် ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၁၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် တိုင်းဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီဌာန နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများမှ မင်္ဂလာပါသီချင်း သီဆိုခြင်း၊ ကလေးများနေ့ သီချင်းသီဆိုခြင်း၊ စွမ်းအင်ကိုယ်စီရှိကြသည် ပုံပြင်တင်ဆက်ခြင်း၊ ကလေးများကို ဂုဏ်ပြုကြပါ သီချင်းသီဆိုခြင်း စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ် သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တာဝန်ရှိသူများမှ ကလေးများအတွက် လက်ဆောင်အရုပ်များ၊ အမှတ်တရပစ္စည်းများအား တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်မင်း၊ တိုင်းပညာရေးညွှန်မှူး ဒေါက်တာ နန်းထိုက်အောင်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ လ/ထညွန်မှူး ဒေါ်မူမူစိုးလွင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်မှူး ဦးအေးမင်းသူတို့က နားမကြားသောကျောင်းမှ ကျောင်းသား/သူများအား အမှတ်တရ အရုပ်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး နံနက်၁၀ နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရှိရသည်။