မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်ကွင်းဆင်းဆောင်ရွက်
Feb 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဦးနေဝင်းဦးဆောင်သော နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ (မောက်မယ်)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းပြီး လေပြင်းဘေးကြိုတင် ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို စဉ့်ဝင်ကျေးရွာအုပ်စု၊ ဟိုတင့် ကျေးရွာရှိ နေအိမ်အား ဆောက်လုပ်ရန်အတွက် ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းသွားရောက် ဆောင်ရွက်ခဲ့သည်။