ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ထားဝယ် ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇ အသစ် အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အာဇာနည် လမ်း၊ စည်ပင်သာယာစျေးကြီးအရှေ့ဘက်တွင် ခရီးသွားလာအများပြည်သူများအား ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ထို့နောက် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့် အဖွဲ့များက ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း mask စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာမှ နေထိုင်ကြရန်၊ လက်ကို စက္ကန့် ၂၀ အကြာမကြာခဏ ဆေးကြော ပေးရန်၊ နေအိမ်ရှိအသက် (၆၀)နှစ်အထက် အသက်ရွယ်ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည်ရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ထားသော စျေးရောင်းချသူများထံမှ စျေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှု ခံယူပါရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး အသိပညာပေး လုပ်ငန်းများကို လိုက်လံနိူးဆော်ပေးခဲ့ကြောင်း သိရှိရ သည်။

ဆက်လက်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက  လူတိုင်းကို နှာခေါင်းစည်း Mask တပ်စေလိုသော အားဖြင့်  ခရီးသွားလာ အများပြည်သူများအား နှာခေါင်းစည်း Mask နှင့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေရန် ဆောင်ရန်/ရှောင်ရန် အချက်များပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)