သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၌ တချို့ကျေးရွာအုပ်စုများတွင် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု
Feb 14,2022
မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ ကြာအင်း ကျေးရွာအုပ်စု၊‌ ကျောက်ချက်ကျေးရွာအုပ်စု၊ မွှန်း‌ညောင်ပင်သာကျေးရွာအုပ်စုများသို့ ရောက်ရှိ၍ မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့သည်။
ပေါက်တောမြို့၌ မြို့နယ်သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းအခမ်းအနားကျင်းပ
Feb 14,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ပွဲကို ပေါက်တောမြို့ မြို့နယ်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်သည်။
စစ်တွေမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပ
Feb 14,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်တွေမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှု ဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ  ၅၉  ဦး လွတ်မြောက်
Feb 14,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အမိန့်အမှတ် ၁၅/ ၂၀၂၂နှင့် ၁၇/၂၀၂၂ ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းမှတ်အားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှ လွှတ်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ  အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ  ၅၉  ဦးလွတ်မြောက်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၁၇၉၁၆၉ ဦး ထိုးပေးနိုင်ပြီ
Feb 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၇၉၁၆၉ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ် မြေလမ်းဘေးဝဲယာ သန့်ရှင်းရေးပြုလုပ်
Feb 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ အရန်မီသတ်တပ်ဖွဲ့ဝင်များသည် ညောင်ဦးမြို့နှင့် ပုဂံမြို့တွင်းလမ်းများ သန့်ရှင်းသာယာ လှပစေရေးအတွက် အမှတ်(၃)၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ သည် ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့မှပုဂံ မြို့သွား လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း ရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်မှု ပိုမိုထိန်းချုပ်နိုင်ရေး မိုဘိုင်းRTDဖြင့် ကွင်းဆင်းစစ်ဆေး
Feb 14,2022
ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်မှု ပိုမိုထိန်းချုပ်နိုင်ရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ RTD ဖြင့် မိုဘိုင်း စစ်ဆေးမှု လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသည့် မြို့နေ ပြည်သူများအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ချောက်မြို့နယ် အ​ခြေခံပညာ​ကျောင်းများမှ ဆရာ၊ ဆရာမ (၁၉၄)ဦးအား Sputnik ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ​ပေး
Feb 14,2022
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ ကျောင်းများမှ ဆရာ၊ ဆရာမများအား Sputnik ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ Booster Dose ထပ်ဆောင်းထိုးနှံပေးမှုကို မြို့နယ်ပြည်သူ့​ဆေးရုံခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်း များမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။