သတင်းများ

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များအနှံ့ ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Feb 14,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက် ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ရွှေပြည်သာရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို  ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်က ရပ်ကွက်(၁၉)ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၊ လူစည်ကားရာနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီ အသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပရဟိတလူမှုကူညီရေးအသင်းတို့မှ ဆောင်ရွက်ခဲ့ကြသည်။
အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်တာကြောင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကြရန် နှိုးဆော်
Feb 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အိုမီခရွန်( Omicron) ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်သဖြင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်က ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းကာ ပွင့်ဖြူမြို့နယ်အတွင်းရှိ‌ ဒေးဒရဲကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း
Feb 14,2022
၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊  ချမ်းမြသာစည် တောင်ရပ်ကွက်၊ အကွက်(၈၅၈)၊ စစ်ကိုင်းလမ်းခွဲ၊ ၇၈လမ်းနှင့် ရန်/မန်းလမ်းကြား၊ နားမကြားသော ကလေးများကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်မွေးနေ့) အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီး ဒေါ်သီတာဆွေနှင့် ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၁၀) ဦး ခန့်တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင်  တိုင်းဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီဌာန နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများမှ မင်္ဂလာပါသီချင်း သီဆိုခြင်း၊ ကလေးများနေ့ သီချင်းသီဆိုခြင်း၊ စွမ်းအင်ကိုယ်စီရှိကြသည် ပုံပြင်တင်ဆက်ခြင်း၊ ကလေးများကို ဂုဏ်ပြုကြပါ သီချင်းသီဆိုခြင်း စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ် သီချင်းဖြင့်  သီဆိုဖျော်ဖြေကြပြီး တာဝန်ရှိသူများမှ ကလေးများအတွက် လက်ဆောင်အရုပ်များ၊ အမှတ်တရပစ္စည်းများအား တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်မင်း၊ တိုင်းပညာရေးညွှန်မှူး ဒေါက်တာ နန်းထိုက်အောင်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ လ/ထညွန်မှူး ဒေါ်မူမူစိုးလွင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်မှူး ဦးအေးမင်းသူတို့က နားမကြားသောကျောင်းမှ ကျောင်းသား/သူများအား အမှတ်တရ အရုပ်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး နံနက်၁၀ နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း  သိရှိရသည်။
ဂွမြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှုနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 14,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်က ဂွမြို့ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် ကလေးငယ်များအား ပြိုင်ပွဲများကျင်းပပေး
Feb 14,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာကျောင်းများနှင့် ပူးပေါင်းကာ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ မုန့်လုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်
Feb 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre)၌ ယမန်နေ့မွန်းလွဲပိုင်းက (WomenClub)    အဖွဲ့ဝင်များ၏ ပူးပေါင်းစီစဉ်မှုဖြင့် မုန့်လုပ်နည်း (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများပေါ်တွင် Box Culvert (၃)စင်းဆောက်လုပ်ပေးသဖြင့် အိမ်ထောင်စု(၁၉၂၇)စု ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်
Feb 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက်လမ်းများပေါ်တွင်Box Culvert (၃)စင်းဆောက်လုပ်ပေးသဖြင့် အိမ်ထောင်စု (၁၉၂၇)စု ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။