ကျိုက်ဒုံ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၄.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၂) ရပ်ကွက် စွယ်တော်လမ်း ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် ပေအရှည်(၄၉၀)ပေ၊ အကျယ်(၁၂) ပေ(၆)လက်မထုရှိပြီး ပြည်သူများ ရာသီမရွေး အသုံးပြုသွားလာနိုင်စေရေးအတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်