လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတုမင်္ဂလာပရိယတ္တိ စာပြန်ပွဲတော် အထိမ်းအမှတ် အထူးတရားပွဲ ဓမ္မပူဇာသဘင်ပွဲ အခမ်းအနား ကို ယမန်နေ့ ည(၇)နာရီအချိန်က ကော့ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နမောတဿရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတုမင်္ဂလာ ပရိယတ္တိစာပြန်ပွဲတော် အထိမ်းအမှတ် ဆုတောင်းတေးသီချင်း သီဆိုခြင်း၊ မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရ ကိုယ်ရေးအကျဉ်းဖတ်ကြားခြင်းနှင့် ငါးပါးသီလ ခံယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရကလောကနှင့် သာသနာတရားတော်ဖြင့် ဟောကြားတော်မှုပြီး လှူဖွယ်ဝတ္ထုအစုစုတို့ အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတုမင်္ဂလာပရိယတ္တိစာပြန်ပွဲတော် အထိမ်းအမှတ် အထူးတရားပွဲ ဖေဖော်ဝါရီ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)