အိမ်မဲ ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် Clean City ဖြစ်လာစေရေးအတွက် စုပေါင်း အမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှအမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများစုပေါင်း၍ Clean City ဖြစ်လာစေရေးအတွက် အိမ်မဲမြို့အဝင်မှ ရွှေအိမ်ရတနာဘိုးဘွားရိပ်သာအထိ လမ်းဘေးဝဲ၊ ယာမှ အမှိုက်များကို စုပေါင်းကောက်ကြပြီး အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)