ငပလီမြို့တွင် Mobile စနစ်ဖြင့် စာအုပ်စာပေများကို အခမဲ့ငှါးရမ်းပေးလျက်ရှိ

ငပလီ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ အသိပညာဗဟုသုတ ရရှိစေရေးအတွက် Mobile စနစ်ဖြင့် စာအုပ်ငှါးရမ်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ငပလီမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ငပလီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက် ၍ စာအုပ်စာစောင်များ ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။

ရုံးစာကြည့်တိုက်သို့ လာရောက်မငှါးရမ်းနိုင်သည့် စာဖတ်ပရိတ်သတ်များ အဆင်ပြေစေရေးအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဗဟုသုတရရှိမည့် စာကောင်းပေကောင်းများကို တစ်ပတ် လျှင် (၂) ကြိမ်နှုန်းဖြင့် စာဖတ်သူလက်ဝယ် အရောက်စနစ်ဖြင့် အခမဲ့ငှား ရမ်းပေးလျက်ရှိကြောင်း သိရသည်။

ငပလီ (ပြန်/ဆက်)